ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊ စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ စီးပွားရေးအရ မဟုတ်ဘဲ မည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို ကိုးကားညွှန်းဆို၍ ပြန်လည် ဖော်ပြပေးမယ်ဆိုရင် ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

Wednesday, October 31

You


                  My life was perfectly OK without you. You stormed into my life when I least expected you. You turned my world upside down. You played tricks on me, tortured me and left a scar in my heart. My heart was bleeding and even so you didn’t care about my wounded heart. You are such a merciless and ruthless idiot that you have destroyed my world with all your might and your inflated ego. You know what? I have never wanted you in my life even for a second so don’t think too highly of yourself. You feed on my anger, fear and loneliness and worse you have taken away all my dreams. You are such an intruder that you don’t even give me some space to explore new things in my dream world. So would you just leave me alone and stop giving me so much trouble because I can’t bear it anymore. All I want is a good night’s sleep. So LEAVE ME ALONE you Goddamn INSOMNIA.

 Chaos

Sunday, October 14

ဖွင့်ဟ၀န်ခံခြင်း

ကျုပ်ကို လူတော်တော် များများက တာဝန်ကျေပြွန်တဲ့ သူလို့ သိထားကြပေမယ့် သူတို့ ကျုပ်ကို သဘောမကျကြဘူး။ ဒါပေမယ့်လဲ သူတို့ ကျုပ်နဲ့ အဝေးမှာ မနေနိုင်ကြပြန်ဘူး။ ဘာလို့လဲဆို ကျုပ်က သူတို့ရဲ့ နေ့တဓူဝ ဘ၀ထဲမှာ အရေးပါတဲ့ တစ်ထောင့်က နေရာယူထားလို့လေ။ 

ကဲဗျာ.....သူတို့ ဖြစ်စေချင်တဲ့ ဆန္ဒတွေဆို ကျုပ် အကုန်ဖြည့်ဆည်းပေးတယ် ဘယ်တော့မှ စောဒက မတက်ဘဲနဲ့ပေါ့။ ဒါပေမယ့်လဲ ကျုပ်ကို သူတို့ တန်ဖိုးမထားကြဘူးဗျာ။ သူတို့နေ့စဉ် အလုပ်တွေ ပြီးမြောက်ဖို့ ကျုပ် မှာသစ္စာရှိရှိ၊ ပေးဆပ်မှု အပြည့်နဲ့ ကြိုးစားလိုက်ရတာ။ စိတ်မကောင်းစရာ တစ်ခုက ကျုပ် နောက်ကွယ်မှာ ကျုပ် မကောင်းကြောင်းတွေ တောင် ပြောတယ်ဆိုပဲ။ တစ်ခါတစ်ခါများ ကျုပ်ကို ပက်ပက်စက်စက် လျစ်လျူရှုထားလိုက်ကြတာ သူတို့ ကျုပ် ကို မလိုသေးသရွေ့ပေါ့။ 

ဘုရားစူးဗျာ ကျုပ် ဘာအမှားမှ မလုပ်ဖူးပါဘူး။ သူတို့ အလိုကျအတိုင်း သူတို့ အလုပ်တွေ စနစ်တကျဖြစ်အောင် ကူညီပေးတယ်၊ အလုပ်တွေ အချိန်မှီပြီးအောင် သတိပေးတယ်။ ကျုပ် က သစ္စာကြီးသလို ကတိလဲ တည်တယ်ဗျ။ ခက်တာက ကျုပ် ကိုဆို အမြဲပဲ ဖုတ်လေတဲ့ ငပိ ရှိလေတယ် လို့တောင် သဘောမထားကြတာ ရင်နာစရာပဲဗျာ။ ဒါေ ပမယ့် ကျုပ် အကောင်းမြင်ပြီး ဖြေတွေးပေးပါတယ်။ သူတို့ ရင်ထဲတစ်နေရာမှာ ကျုပ်က နေရာယူပြီးသားပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ရဲ့ ယုံကြည်မှု တစ်ခုကို ကျုပ်က ရပြီးသားဆိုတာ သိနေတယ်။ သူတို့ မသိတာတစ်ခုက ကျုပ် အမြဲသူတို့ အတွက် ၀န်ဆောင်မှု ပေးနေရတာကို အရမ်းပဲ ပီတိ ဖြစ်မိတယ် ဆိုတာကိုပေါ့။ 

ဒါပေမယ့်ဗျာ တစ်ခါတစ်ခါ တော့လဲ အပြောင်းအလဲ မြန်တဲ့ သူတို့ စိတ်ထားတွေကို တကယ်ပဲ သဘောမတွေ့ဘူးဗျာ။ သူတို့ အိပ်ယာ မ၀င်ခင်ဆို ကျုပ် ကို တသသ အရိပ်တကြည့်ကြည့်နဲ့ သူတို့ ဘ၀ရဲ့ တန်ဖိုး အရှိဆုံး အရာ တစ်ခုလို မှတ်ယူလို့။ ကဲ....သူတို့ မနက် အချိန်တန်လို့ အိပ်ယာထ ချိန်လဲရောက်ရော သူတို့ ဘက်က တုံ့ပြန်မှုကို အတော်လေး ကြောက်ရတယ်ဗျ။ သူတို့ရဲ့ မသိစိတ်က ကျိန်ဆဲ နေတာတွေကိုလဲ မကြားချင်ဘူးဗျာ။ ကျုပ် သိတာပေါ့ မနက် အစောကြီးထရတာ ဘယ်လောက်တောင် ခက်တယ်ဆိုတာ။ အထူးသဖြင့် အိပ်မက်လှလှလေးတွေ မက်ပြီး ဘယ်လိုမှ မထချင်အောင်ဖြစ်တဲ့ အချိန်ဆို ပိုဆိုးတယ်ဗျာ။ ဒါပေမယ့် ကျုပ် အလုပ်က သူတို့ကို နှိုးပေးရမယ်၊ တစ်နေ့တာ ကို အဆင်ပြေပြေလေး စနိုင်ဖို့ ကူညီပေးရမယ်။ ရှိသေးတယ်ဗျ..... သူတို့ မကျေနပ်ရင် ကျုပ်ကို ပစ်ချင်ပစ်ထုတ်သေးတာ၊ ဒါတောင်မှ ကျုပ် ကိုယ့် အလုပ်တွေ အတွက် အမြဲ ဂုဏ်ယူနေမိတယ်။ ဘာလို့လဲ ဟုတ်လား? ကျုပ်က အမှန်တွေ လုပ်နေတာပဲ။ 

အနှစ်ချုပ် ပြောရရင် ကျုပ် ကို တန်ဖိုးမထားဘဲ ဆက်ဆံတာ ခံလိုက်ရတိုင်း ကျုပ် ရင်ဘတ် အောင့်အောင့် သွားတယ်။ ဒါပေမယ့် သူတို့ အတွက်ဆို ကျုပ် အမြဲရှိနေတယ်ဆိုတာ သူတို့ကို သိစေချင်လိုက်တာ။ ကျုပ်က တကယ်တော့ သနားစရာ ကောင်းတဲ့ နှိုးစက်လေး ပါဗျာ။ ကျုပ် ရဲ့ ဘ၀ပေးကံကိုက သူတို့ကို ပြုစု စောင့်ရှောက်ဖို့ ဖြစ်လာတော့လဲ ဘယ်တတ်နိုင်မလဲဗျာ......

ခေးရော့စ်

Sunday, October 7

ပုပ်ပွသွားသော ကတိတစ်ခု


မတည်နိုင်တဲ့ ကတိ
နင် သစ္စာဆိုပြီး ပေးခဲ့တယ်...
ငါ့ ရင်ဘတ်သာ ဟက်တက်ကွဲမယ်...
နင်ကတော့ ယုံကြည်မှုကို အလွှဲသုံးစားလုပ်လို့
ကတိ ဖောက်ဖျက်ခဲ့တာ" ကံတရားကြောင်"့တဲ့ လား။

နှုတ်ကတိလဲ မတည်
စာကတိလဲ မရှိ
ကြင်နာတဲ့ အကြည့်တစ်ချက်တောင်
မစွန့်ကျဲခဲ့တော့လဲ
ငါ...ဘာတတ်နိုင်ဦးမှာလဲ။

ငါ့ မျှော်လင့်ချက် အိပ်မက်ကို
အရိုင်းဆန်တယ် နင်ပြောတုန်းက
ငါ ဆွံအနေခဲ့ဖူးတယ်..
ဥပေက္ခာ နဲ့ ငါ့ကို အနိုင်ယူတဲ့ နင့်ကို
ငါ...ခွင့်လွှတ်နေတာ
အတ္တကောင်ကို ငါမုန်းလို့ပေါ့.
လောကဓံရဲ့ လှည့်ကွက်ကို ခုတုံးလုပ် ပြီးခံစားနေတဲ့ ငါ့ရင်ဘတ်က.......
....................
..................
...............
.............
.......
.....
...
..
.
မာနတံတိုင်းတွေ အလဲလဲ အကွဲကွဲနဲ့
အဖာအထေးကြားက နှလုံးသားက
ကြာကြာတစ်ခါ
သံကုန်ဟစ်ပြီး ငိုနေတဲ့အသံ
နင်ကြားနေလဲ ဘာအရေးလဲ
ထူးဆန်းမနေနဲ့
ဒါ ပုထုဇဉ်တွေ ရဲ့ သံသရာနွံပဲလေ။

မကြာသေးဘူး
နင့် ကတိ နဲ့ ထပ်တူ သစ္စာထားတဲ့
ငါ့ နှလုံးသားက နာကျင်လွန်းလို့
ငါ့ကိုယ်ငါတောင် မြေမြှုပ် သင်္ဂြုလ်ခဲ့ဖူးတယ်။


အရိုးဆွေးနေတဲ့ နင့် ကတိနဲ့ သစ္စာတရားက
အလောင်းကောင်တွေ နဲ့ အလွမ်းတွေကြားမှာ
လှောင်ပြုံးနဲ့ သရော်နေလိုက်တာ
ငါ့ နှလုံးသား မြေချပွဲက ပုပ်ပွလို့ပါလား..

ခေးရော့စ်

Thursday, October 4

အဖိုးအို နှင့် အာလူးခင်း

မင်နက်စိုတာ မှာ အဖိုးအို တစ်ယောက် အဖော်မဲ့စွာ နေနေရရှာတယ်။ အာလူးခင်းကို တူးချင်ပေမယ့် သူတစ်ယောက်တည်း အားနဲ့က ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ သူရဲ့ တစ်ဦးသော သား သာ ထောင်မကျနေ ဘူးဆိုရင် သူ့ကိုကူပေးတဲ့ လူရှိလို့ ဒီလောက်  သောကရောက်တော့မှာ မဟုတ်ဘူး။ ဒါနဲ့ သူ့သားဆီကို သူအခု လက်ရှိဖြစ်နေတဲ့ အခြေအနေကို စာရေး ပြောဖို့ ဆုံးဖြတ်လိုက်တယ်။ 

သားရေ
အဖေတော့ အတော်လေး စိတ်ဓါတ်ကျနေတယ်။ ဒီတစ်နှစ် အာလူးခင်းက ဖြစ်တော့မယ် မထင်ဘူး။ အဲ့လို တွေးမိတာနဲ့တင် အတော်လေး စိတ်မကောင်းဖြစ်မိတယ်။ မင်းအမေ သက်ရှိထင်ရှားရှိနေကတည်းက လုပ်ခဲ့တဲ့ အစဉ်အလာလေး ပျက်ပီ ထင်ပါရဲ့။ အဖေလဲ အဲ့ဒီ ယာခင်းကို တူးဖို့ ဘယ်လိုမှ အင်အားမရှိဘူး၊ မလုပ်နိုင်ဘူး.... သားသာ အနားမှာ ရှိနေရင် သိပ်ကောင်းမှာပဲကွယ်...သား ထောင်ထဲမှာသာ မဟုတ်ဘူးဆိုရင် အဖေ ဘယ်လောက် အားရှိလိုက်မလဲ။

သိပ်မကြာလိုက်ဘူး။ သားဆီက ပြန်စာရောက်လာတယ်။ အို ....အဖေ ယာခင်းကို တူးဖို့ မဖြစ်ဘူးနော်။ သားအဲ့မှာ ရွှေတွေ မြှုပ်ထားတယ်။

နောက်ရက်မနက် လေးနာရီလောက်ပဲ ရှိသေးတယ် အက်ဖ်ဘီအိုင် ကလူတွေ၊ ရဲအရာရှိတွေ ရောက်လာပြီး ယာခင်း အနှံ့တူးဆွလိုက်ကြပေမယ့် ရွှေနဲ့တူတဲ့ အရာတစ်ခုမှ မတွေ့သွားကြဘူး။

အဲ့လိုနဲ့ အဖိုးအိုလဲ အရမ်းအံ့သြပြီး ဇဝေဇ၀ါဖြစ်သွားတယ်။ သားဖြစ်သူကို စာထပ်ရေးပြီး မေးလိုက်တယ် သူဘာဆက်လုပ်ရမလဲပေါ့။

သားဖြစ်သူ ပြန်ပြောလိုက်တာက " ဘာမှ စဉ်းစားမနေနဲ့တော့ အဖေ... အာလူးတွေ စိုက်ဖို့သာ ပြင်ထားလိုက်တော့....ကျွန်တော် အချုပ်ထဲကနေ လုပ်ပေးနိုင်တာ ဆိုလို့ ဒါလေးပဲ ရှိလို့ပါ " တဲ့။



 

ဒီစာလေး ဖတ်ပြီး ထောင်ထဲ ရောက်နေတဲ့ သားက အဖေကို တတ်နိုင်တဲ့ နည်းနဲ့ ကူညီပေးနေတယ် ဆိုရင် ကျွန်မတို့ အခုလို မိဘဘေးမှာ နေနေရပြီး အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ပေးတဲ့ သူတို့ အတွက် ဘာတွေများ လုပ်ပေးပြီးပြီလဲ? အနီးကပ် နေခွင့်ရတာတောင်မှ မိဘကျေးဇူးကို လုံးဝ မသိတတ်ဘူးဆိုရင် တကယ်ပဲ လူမဆန်တဲ့ သားသမီးတွေ ဖြစ်မှန်းမသိ ဖြစ်နေကြပီ။ အချိန်တွေ တဖြုတ်ဖြုတ် ကုန်ဆုံးနေသလို အသက်တွေလဲ တစ်ရက်ပြီး တစ်ရက် ပိုကြီးလာတယ်။ အဖေနဲ့ အမေ အမြဲ ရှိနေမှာပဲ ဆိုပြီး ဒီတိုင်းပဲ အမှုမဲ့ လျစ်လျူရှုထားလိုက်ရင် နောင်တစ်ချိန်မှာ နောင်တ တစ်ပွေ့ကြီးနဲ့ ပြန်ပြင်လို့မရတဲ့ အတိတ်ကို တမ်းတနေလဲ မထူးတော့ဘူး။ ရှိခြင်းရဲ့ တန်ဖိုးကို သေချာသိမှ တန်ဖိုးထားတတ်မှ လိပ်ပြာမလုံတာတွေ၊ တာဝန်မကျေတာတွေ မရှိဘဲ ဘယ်ချိန်ပြန်တွေးတွေး ကျေနပ်ပီတိဖြစ်နိုင်မှာပါ။


ခေးရော့စ်